International News

ဂျပန်ဝန်ကြီးချုပ်အသစ် Mr. Suga က တောင်ကိုရီးယားသမ္မတMoonနှင့် အနာဂတ်ကောင်းကျိုးရှေ့ရှုကာ အတူတကွပူးပေါင်းဆောင်ရွက်သွားလိုကြောင်း စာရေးသားပေးပို့ခဲ့

Last Updated:

ဂျပန်နိုင်ငံ၏ ဝန်ကြီးချုပ်အသစ်ဖြစ်သူ Mr. Yoshihide Suga က တောင်ကိုရီးယားနိုင်ငံနှင့် နှစ်နိုင်ငံအကြား သဘောထားတင်းမာခဲ့သည့် ရာဇဝင်နှင့် ကုန်သွယ်မှုဆိုင်ရာ အငြင်းပွားမှုများ ရှိနေချိန်တွင် တောင်ကိုရီးယားသမ္မတ Mr. Moon Jae-in ထံ အနာဂတ်ကောင်းကျိုး ရှေ့ရှုသည့်ဆက်ဆံရေးကို ပိုမိုတိုးမြှင့်ဆောင်ရွက်လိုကြောင်း ရေးသားဖော်ပြထားသည် သိရပါသည်။

၁၉၁၀ ခုနှစ်မှ ၁၉၄၅ ခုနှစ်များအတွင်း ဒုတိယကမ္ဘာစစ်ကာလက အဓ္ဓမခိုင်းစေမှုများ ကြောင့် နှစ်နိုင်ငံအကြား သဘောထားတင်းမာမှုများဖြစ်ပွားခဲ့သည့် ရာဇဝင်မှ အစပြုကာ ၂၀၁၈ ခုနှစ်တွင် တောင်ကိုရီးယားတရားရုံးချုပ်က ဂျပန်နိုင်ငံမှ သံမဏိထုတ်လုပ်သည့်ကုမ္ပဏီကို အတင်းအဓ္ဓမစေခိုင်းမှုအတွက် လျော်ကြေးပေးရန် အမိန့်ချမှတ်ခဲ့ပြီး ဂျပန်ကလည်း တုန့်ပြန်သည့် အနေဖြင့် အဆင့်မြင့်နည်းပညာသုံးပစ္စည်းများ တောင်ကိုရီးယားသို့ တင်ပို့မှုတွင် ကန့်သတ် ပိတ်ပင်မှုများ ဆောင်ရွက်ခဲ့ပါသည်။

စက်တင်ဘာလ ၁၉ ရက်နေ့က Mr. Suga က သမ္မတ Moon ထံသို့ ပေးပို့ခဲ့သည့်စာတွင် နှစ်နိုင်ငံအကြား ပူးပေါင်းဆောင်ရွက်မှုလိုအပ်ချက်များကို ထောက်ပြသွားခဲ့ကြောင်း၊ အထူးသဖြင့် နှစ်နိုင်ငံစလုံးအနေဖြင့် အငြင်းပွားနေကြသည့် အခက်အခဲပြဿနာကို ကျော်လွှားရန်နှင့် ရှေ့ဆက်ပူးပေါင်း ဆောင်ရွက်မှု အလားအလာကောင်းများ ဖော်ဆောင်ကြရန် မျှော်လင့်ပါသည်ဟု ထည့်သွင်းရေးသားထားကြောင်းကို သမ္မတMoon၏ ပြောရေးဆိုခွင့် ရှိသူ Mr. Kang Min-seok က ပြောကြားခဲ့ပါသည်။

သမ္မတ Moon ကလည်း Mr. Suga ထံ ဝန်ကြီးချုပ်ရာထူး ဆက်ခံသည့်အတွက် ဂုဏ်ယူ ဝမ်းမြောက်ကြောင်း စာရေးသားပေးပို့ခဲ့ကြောင်း ၊ ၎င်းအနေဖြင့် လည်း နှစ်နိုင်ငံအကြား သံတမန်အရေး၊ စီးပွားရေး၊ နှစ်နိုင်ငံပြည်သူများအကြား ဆက်နွှယ်မှုများတိုးမြှင့်ဆောင်ရွက်သွားကြရန် ဆန္ဒရှိပါကြောင်း ထည့်သွင်း ရေးသားထားကြောင်း သိရပါသည်။

 

 

 

 

( မြန်မာစီးပွားရေးသံမှူး၊ ဂျပန်နိုင်ငံ)

ရင်းမြစ်။ The Nikkei Asian Review

Category: International News